သီတဂူသံဃ၀ိဟာရ
ထေရ၀ါဒဓမ္မဖလော်ရီဒါအသင်း
Theravada Dhamma Society of Florida ( TDSF )
သီတဂူသံဃ၀ိဟာရ ကို သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ၏ သြ၀ါဒကိုခံယူ၍ အလှူရှင်များ၏ တာဝန်ပေးမှု အရ ကျောင်းဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့မှ ၂၀၁၀ ခုနှစ် စက်တင်ဘာလ(၂၁)ရက်တွင် ထေရ၀ါဒဓမ္မဖလော်ရီဒါ ဗုဒ္ဓဘာသာအသင်းအမည်ဖြင့် ဖွဲ့စည်း၍ ကျောင်းဝယ်ယူနိုင်သည်အထိ တာဝန်ယူတည်ထောင်ပေးခဲ့ပါသည်။
ဗုဒ္ဓဘုရားရှင်ဖွားတော်မူသည့်နှစ် ၂၆၀၀ပြည့်၊ သာသနာတော်နှစ် ၂၅၅၅၊ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ကဆုန်လပြည့် ကျော်(၁၅)ရက်၊ ကမ္ဘာနှစ်၂၀၁၁ခု၊ ဇွန်လ(၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျောင်းလွှတ်ပူဇော်ပွဲဖြင့် သီတဂူဆရာတော်ဘုရားကြီး ထံမှောက်၌ အပ်နှင်းလှူဒါန်း ရေစက်သွန်းချခဲ့ကြပါသည်။
ကျောင်းလွှတ်ပူဇော်ပွဲဓမ္မသဘင်ကြီးသို့ သီတဂူဆရာတော်ကြီးဒေါက်တာအရှင်ဉာဏိဿရ၊ ရေနံချောင်းဆရာတော်ကြီး အရှင်ဇနိတ၊ မစိုးရိမ်ဆရာတော်ကြီးအရှင်ရာဇဓမ္မာဘိဝံသ၊ လောကချမ်းသာဆရာတော်ကြီးအရှင်ဣန္ဒက၊ ဘော်လတီမိုး ဆရာတော်ဒေါက်တာအရှင်သြသဓသာရ၊ အော်စတင်ဆရာတော်ဒေါက်တာအရှင်အရိယဓမ္မ၊ သီတဂူသံဃ၀ိဟာရဆရာ တော်ဒေါက်တာအရှင်စန္ဒာသီရိ၊ ကင်တာကီဆရာတော်အရှင်စန္ဒောဘာသ တို့ကြွရောက်ချီးမြှင့်ခဲ့ကြပါသည်။
သီတဂူသံဃ၀ိဟာရသည် ၂၀၁၁ခု၊ ဇွန်လ(၈)ရက်နေ့တွင် မှတ်ပုံတင်ခဲ့သော ထေရ၀ါဒဓမ္မဖလော်ရီဒါအသင်း Theravada Dhamma Society of Florida (TDSF) အမည်ဖြင့် သြ၀ါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရ၊ ဥက္ကဌကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်စန္ဒာသီရိ၊ ဒုဥက္ကဌဆရာတော် ဒေါက်တာအရှင်အရိယဓမ္မ တို့မှဦးဆောင်၍ ကပ္ပိယကာရက များက ဘာသာရေး၊ သာသနာရေး၊ ယဉ်ကျေးမှု ထိမ်းသိမ်းမြှင့်တင်ရေးတို့ကို ဆောင် ရွက်လျက်ရှိပါသည်။