LOGO

THERAVADA DHAMMA SOCIETY OF FLORIDA

သီတဂူသံဃဝိဟာရ

တံဆိပ်တော်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

 

  • တံဆိပ်၏အထက်တွင်ရှိသောကြာပွင့်မှာ မြတ်စွာဘုရားပွင့်တော်မူသည့် အထိမ်းအမှတ် အဖြစ်လည်း ကောင်း၊ ကမ္ဘာဦးကဖွားမြင်သည့်ပန်းအဖြစ်လည်းကောင်း အေးချမ်းသည့် နိမိတ်ကိုဆောင်သည်။
  • ကြာပွင့်၏ပွင့်ဖတ် (၇) ဖတ် နှင့် ညောင်ရွက် (၇) ရွက်မှာ ဗောဇ္ဈင် (၇) ပါးကို အဓိပ္ပါယ်ဆောင်သည်။
  • ကြာပွင့်၏အထက်မှ သီတဂူသံဃဝိဟာရ ၏အမည်နှင့် တည်နေရာဌာနကိုဖေါ်ပြသည်။
  • ကြာပွင့်၏အောက်ခြေတွင် ဖွဲ့စည်းတည်ထောင်သည့် ခုနှစ်သက္ကရာဇ်ကို သာသနာနှစ် မြန်မာနှစ် ခရစ်နှစ်တို့ဖြင့် ဖေါ်ပြထားသည်။
  • တံဆိပ်၏အလယ်တည့်တည့်တွင် ဓမ္မစကြာတံဆိပ်ဝိုင်းနှင့် ဓမ္မစက္ကမုဒြာသည် ဘုရားရှင်၏ တရားဦး ဓမ္မစက်ဟောမြွက်ခြင်းနှင့် မဂ္ဂင် (၈) ပါးကိုဖေါ်ပြထားရာ ထေရဝါဒဓမ္မအဓိပ္ပါယ်ကို တိုက်ရိုက်ဖေါ် ဆောင်သည်။
  • ခြင်္သေ့များမှာ ရဲရဲရင့်ရင့် သတ္တိရှိစွာဖြင့် သာသနာတော်ကို စောင့်ရှောက်ခြင်းဟူသောအဓိပ္ပါယ်ကို ဖေါ်ဆောင်သည်။
  • ကနုတ်ပန်းများမှာ မြန်မာ့အနုလက်ရာအလှအဖြစ်တန်ဆာဆင်ထားခြင်းဖြစ်သည်။
  • တံဆိပ်၏အပြင်ဝိုင်း အထက်ပိုင်းတွင် ထေရဝါဒဓမ္မအသင်း၏အမည်ကို ဖေါ်ပြထားပြီး အောက်ပိုင်းတွင် တည်ရာဌာနနှင့် တည်ထောင်သည့်နှစ်ကို ဖေါ်ပြထားသည်။
  • အပြင်ဝိုင်း၏တစ်ဘက်စီတွင်ရှိသော အကွက် (၈) စိပ်ပါစကြာနှစ်ခုသည် မဂ္ဂင် (၈) ပါးကိုပင် သရုပ် ဖေါ်သည်။
  • စက်ဝိုင်းမှ ပုလဲလုံးများကား အလှအပအဖြစ် တန်ဆာဆင်ထားခြင်းဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။

Welcome Sitagu Sangha Vihara (Florida, U.S.A)

Log in

Lost your password?