Tuesday: Feb. 14, 2012
အော်စတင် သီတဂူဗုဒ္ဓဝိဟာရတွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရွှေစည်းခုံစေတီတော်ကြီး တည်ဆောက်နေမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးနေမှုအခြေအနေကို အများပြည်သူသိရှိကြည်ညိုနိုင်ရန်အတွက် ရွှေဗီဒီယိုအဖွဲ့မှ တမ္ဗဝတီဦးဝင်းမောင်ထံ လာရောက်မေးမြန်း ရိုက်ကူးခဲ့သည်။
ဆရာကြီးတမ္ဗဝတီဦးဝင်းမောင်က လွန်ခဲ့သည့် (၁၀) နှစ်ကျော်ကတည်းက ရွှေစည်းခုံစေတီတော်တည်မည့်အကြောင်း သီတဂူဆရာတော်ကြီးက ၎င်းကိုမိန်ကြားထားခဲ့ကြောင်းမှစ၍ ယခုအနေအထားထိရောက်အောင် အခက်အခဲများကြားမှ မည်သို့မည်ပုံ လုပ်ဆောင်လာခဲ့ရကြောင်းများကို အသေးစိတ်ရှင်းပြခဲ့သည်။
မြန်မာပြည်တွင် ပညာရှင်ပေါင်း အနည်းဆုံးအယောက် (၂၀) ခန့်ဖြင့်လုပ်ရမည့် ဤသို့သောကြီးကျယ်သည့်လုပ်ငန်းကြီးကို ဗီဇာအခက်အခဲကြောင့် ယခုအခါ အကူအညီ (၄) ယောက်ဖြင့်သာ လုပ်ဆောင်နေရကြောင်း၊ လုပ်ငန်းသုံးပစ္စည်းများကိုလည်း အရည်အသွေးလည်းကောင်းစေရန်၊ အကုန်အကျ သက်သာမှုလည်းရှိစေရန် နှင့် ရေရှည်ခိုင်ခန့် သေသပ်မှုလည်းရှိစေရန်အတွက် လုပ်ငန်းများမစမီ (၁) လကျော်ခန့် လေ့လာစမ်းသပ်ပြီးမှ ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း နှင့် စေတီတော်တွင် အဆင့်ဆင့် တပ်ဆင်သွားမည့် မြန်မာ့ဗိသုကာ အနုပညာလက်ရာများကို အသေးစိတ်ပြသ ရှင်းလင်းပြောကြားပေးခဲ့သည်။
ထိုအင်တာဗျူး ဗီဒီယိုကို မကြာမီ ရွှေဗီဒီယိုမှ အများပြည်သူထံ ထုတ်လွှင့်ပေးမည်ဖြစ်သည်။
ယခု ဓာတ်ပုံမှတ်တမ်းများကို သီတဂူသံဃဝိဟာရမှ ရိုက်ကူးတင်ပြအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
မပျောက်ပျက်ကောင်းသည့် သမိုင်း အမွေကို ထိန်းသိမ်းစောင့်ရှောက်တော်မူကြသည့်အတွက် သာဓု အကြိမ်ကြိမ် ခေါ်မိပါ၏
I would like to thank you for the efforts you have put in writing this blog. I’m hoping to see the same high-grade content from you in the future as well. In truth, your creative writing abilities has inspired me to get my own website now