Posted by candasiri on July 1, 2011

လှလှပပ တန်ဆာဆင်ရအောင်

ခဏ္ဍဖုလ္လပဋိသင်္ခရဏံ

ကျိုးသည်ပျက်သည်တို့ကို ပြုပြင်ခြင်း၊ ရှုပ်ထွေးသည့်အမှိုက်များရှင်းလင်းခြင်းကို မြတ်စွာဗုဒ္ဓ ချီးမွမ်းတော်မူသည်။

နှစ်ဧကခွဲ ကျယ်ဝန်းသော သီတဂူသံဃ၀ိဟာရ ကျောင်းပရိဝုဏ်အတွင်း ပေါက်ရောက်လျှက်ရှိသော သစ်ပင်ခြုံနွယ်များကိုရှင်းလင်း၍ ကလေးကစားကွင်းနှင့် လူကြီးပရိသတ်များအတွက် နားနေဆောင်တို့ကို ပြုလုပ်သွားမည်။ ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်စေရန် အတွက် ခြံစည်းရိုးပင်များစိုက်သွားမည်၊ သီးပင်စားပင်များ၊ အလှပန်းပင်များ စနစ်တကျ စိုက်ပျိုးသွားမည်။ မြက်ရိုင်းများကို ထုတ်နှုတ်၍ အလှမြက်များအစားထိုး စိုက်သွားမည်ဖြစ်သည်။

မြက်များရိတ်ဖြတ်ရန်အတွက် $ 3000/- တန်မြက်ရိတ်ကားတစ်စီးကို ၀ယ်ယူထားပါသည်။ အဆိုပါ မြက်ရိတ်ကားအတွက်

၁။ ကိုဂျိမ်းလင်းထွန်း+မ၀င်းစန္ဒာစန်းမိသားစုက  $ 400/-

၂။ ဦးအောင်စိုးလွင်+ဒေါ်လှဝင်းစိန် မိသားစုက $ 400/-

၃။ ကိုဇင်ဦး+မလင်ဒါ မိသားစုက $ 1200/- (အမေရိကန်လူမျိုး Russell Jones ခေါ် ကိုဇင်ဦးက Weed Eater မြက်ရိတ်စက်တစ်ခုနှင့် အလှူငွေ $ 1200/- ဖြည့်စွက်လှူဒါန်းပြီး မြက်ရိတ်ကားကို ကိုယ်တိုင်ဝယ် ကိုယ်တိုင်ရိတ်၍ ကုသိုလ်ယူခဲ့သည်။ မြက်များရှည်တိုင်း ကုသိုလ်ယူရိတ်သိမ်းပေးမည်ဟု ဆိုပါသည်။)

၎။ ကျောင်းရံပုံငွေမှ $ 1000/- စိုက်သုံး၍ ၀ယ်ယူထားပါသည်။

အထက်ပါလုပ်ငန်းရပ်များနှင့်ပတ်သက်၍ ဒါနအမှုပြုချင်သူမည်သူမဆို အလှူတော်ငွေကိုသော်လည်းကောင်း၊ လုပ်အားဒါနကိုသော်လည်းကောင်း၊ မိမိတို့အိမ်ရှိ ထူးခြားသည့် သီးပင်စားပင် ပန်းပင်တို့ကိုသော်လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။

ကပ္ပိယကာရကအဖွဲ့

သီတဂူသံဃ၀ိဟာရ၊ ဖလော်ရီဒါ

Most Commented Posts

Post a Comment


2 Responses to “လှလှပပ တန်ဆာဆင်ရအောင်”

  1. သီတဂူ စန်းလ…
    သီတဂူ ချမ်းမြ…
    သီတဂူ လန်းလှ…

    • candasiri says:

      သီတဂူစတား ကြယ်များကြား လင်းအားကြီးစေသောဝ်။

Leave a Reply

(*required)

Welcome Sitagu Sangha Vihara (Florida, U.S.A)

Log in

Lost your password?