Posted by candasiri on June 25, 2011

မိတ်ဆက်ပွဲ

June 25 2011  ယနေ့ နံနက် ၁၁-နာရီမှ ၁-နာရီခွဲအထိ ကျောင်းပတ်ဝန်းကျင်အိမ်များနှင့် ရင်းနှီးမှုရရှိစေရန် ဖိတ်ကြား၍ တွေ့ဆုံမိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါမိတ်ဆက်ပွဲတွင် ကျွေးမွေးဧည့်ခံရန် ဦးကျော်ကျော်+ဒေါ်မိုးဖြူကျော်မိသားစု၊ ဦးစိန်ထွန်း+ဒေါ်မြမြ၊ ကိုထွန်းထွန်း နှင့်ဇနီး၊ ကိုတယ်ရီမောင်ဝင်း၊ ကိုဇင်ဦး+မလင်ဒါတို့က အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်၊ မုန့်မျိုးစုံ၊ သစ်သီးမျိုးစုံ စသည်တို့ကို အသီးသီးပြုလုပ်၍ ယူလာခဲ့ကြကာ တည်ခင်းဧည့်ခံကြသည်။ မသန္တာလှိုင် မခင်ကြည်မာလှိုင် မိသားစုကလည်း သားကလေး ၏မွေးနေ့အလှူအဖြစ် ဆွမ်း ခဲဘွယ်ဘောဇဉ်များ လာရောက် လှူဒါန်းကြသဖြင့် မိတ်ဆက်ပွဲမှာ ပို၍မြိုင်ဆိုင်သွားသည်။ ကလေးများလည်း လွတ်လပ်စွာ ဆော့ကစားရသဖြင့် ဘုန်းကြီးကျောင်း လာရသည်ကို ပျော်ရွှင်နှစ်ခြိုက်ကြသည်။ ထိုသို့လာဖန်များသဖြင့် ဘုရားနှင့်တကွ ဘုန်းကြီးရဟန်း သံဃာနှင့် ရင်းနှီးကျွမ်းဝင်ခြင်း ရှိခိုးခြင်း အရိုအေ သပေးတတ်ခြင်း များပြုလုပ်လာကြပြီး တဖြည်းဖြည်း ဘာသာရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ အသိတရားများ သိနားလည် လာကြလိမ့်မည်ဖြစ်သည်။

Most Commented Posts

Post a Comment


2 Responses to “မိတ်ဆက်ပွဲ”

  1. ဖဝါး စော says:

    “Wonderful” to see ဦးစံ , ထွန်း and Fillipa together!

  2. သာဓု ခေါ်သွားပါတယ်ဘုရား။ ဘုန်းဘုန်း ကျန်းမာပါစေ။

Leave a Reply

(*required)

Welcome Sitagu Sangha Vihara (Florida, U.S.A)

Log in

Lost your password?